ယနေ့ဖွံ့ဖြိုးတိုးတက်လာမှုအတွက် လိုအပ်သော ရပ်ရွာအခြေပြုသုတေသနလုပ်ငန်း — လူထုစည်းရုံးရေးမှူးများအတွက် အထောက်အပံ့ဖြစ်သော ကမ္ဘာ့လူထုအခြေပြုအသုံးချလမ်းညွှန်များ

IAP
3 min readApr 30, 2021

--

ရေးသားသူ- Ishita Petkar, John Mwebe နှင့်Tom Weerachat

နိုင်ငံတကာတာဝန်ခံမှုဆိုင်ရာ စီမံကိန်း (IAP)အနေဖြင့် ကမ္ဘာ့လူထုအခြေပြုအသုံးချလမ်းညွှန်အသစ်များရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ရပ်ရွာအခြေပြုသုတေသနလုပ်ငန်းအတွက် စာအုပ်သစ်သုံးအုပ်ကို မျှဝေချင်ပါတယ်။

ထိုစာအုပ်များတွင် ပါရှိသော အကြောင်းအရာများကတော့-

  • ရပ်ရွာလူထုများ၏ ဖွံ့ဖြိုးရေးဦးစားပေးအရာများကို ဆုံးဖြတ်ချက်ချနိုင်ရန် ကိုယ်ပိုင် သုတေသနမည်ကဲ့သို့ဆောင်ရွက်ရမည်နှင့် ၎င်းတို့မလိုလားအပ်သော ဖွံ့ဖြိုးရေးစီမံကိန်းများကို တုံ့ပြန်နိုင်ရန် မည်ကဲ့သို့ဦးဆောင်လုပ်ရှားရမည်ကို ဖော်ပြထားသည့် ထိရောက်ကျစ်လစ်သော အဆင့်ဆင့် လမ်းညွှန်ချက်
  • လက်တွေ့ကျသောအကြံပြုချက်များ၊ နည်းစနစ်များ၊ ရပ်ရွာအခြေပြုသုတေသနဆောင်ရွက်ရန် လုပ်ဆောင်မှုများနှင့်
  • ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းစဉ်များကို ပြန်လည်ဖော်ထုတ်သတ်မှတ်ရန် ရပ်ရွာအခြေပြုသုတေသနလုပ်ငန်းအား ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအတွေ့အကြုံရှိသည့် ကမ္ဘာအနှံ့မှ လူထုစည်းရုံးရေးမှူးများ၏ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကြောင်းများ

ရပ်ရွာထူထုအဖွဲ့ဝင်များ၊ စည်းရုံးရေးမှူးများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များအနေဖြင့် ဤစာအုပ်များကို ဒေသခံလူထုကိုစည်းရုံးလှုံ့ဆော်ခြင်း၊ စာရွက်စာတမ်းအန္တရာယ်နှင့် အခွင့်အရေးချိုးဖောက်မှုများ၊ ရှေ့ဆက်မည့်လူထုဦးဆောင်လှုံ့ဆော်ရေးများအတွက် အသုံးပြုနိုင်ပါသည်။

“ရပ်ရွာလူထုအဖွဲ့ဝင်များအနေဖြင့် ကိုယ်ပိုင်သုတေသနလုပ်ငန်းကို ဆောင်ရွက်သည့်အခါတွင် ရပ်ရွာပြင်ပလူများမသိရှိသော ရှာဖွေတွေ့ရှိခြင်းများကို ရရှိနိုင်ပါလိမ့်မည်။ ရပ်ရွာလူထုသည် ဆုံးဖြတ်ချက်ချသူများ၊ စီမံကိန်းရေးဆွဲသူများမသိနိုင်သော အနီးအနားပတ်ဝန်းကျင်အကြောင်း ဗဟုသုတများကိုလည်း ပိုင်ဆိုင်ထားပါသည်။ အများအားဖြင့်ဆိုရလျှင် သုတေသနလုပ်ငန်းစဉ်သည် ဒေသခံများကြုံတွေ့ရတဲ့ ပြဿနာများကို ပိုမိုနားလည်စေပါတယ်၊ ကိုယ်ပိုင်ဗဟုသုတများ အတွေးအခေါ်များကို ယုံကြည်ချက်အပြည့်ဖြင့်တည်ဆောက်နိုင်စေပါတယ်၊ ဒေသခံလူထုအဖွဲ့ဝင်များအကြား စည်းလုံးမှုနှင့် တာဝန်ခံမှုကို ပိုမိုခိုင်မာစေပါတယ်၊ ဒေသခံထူထုကို စုစည်းရာတွင်လိုအပ်သော ကျွမ်းကျင်မှုအရည်အချင်းများကို သင်ယူရလွယ်ကူစေပါတယ်။”

ဤလူထုအခြေပြုအသုံးချလမ်းညွှန်တွင် စာအုပ်ငယ် သုံးအုပ်ပါဝင်ပါသည်-

http://bit.ly/CAGBurmese

၁) ရပ်ရွာအခြေပြုသုတေသနအတွက် အသုံးချလမ်းညွှန်စာအုပ်ငယ်တွင် သုတေသနလုပ်ငန်းစဉ်အဆင့်တိုင်းအတွက် ရှင်းလင်းစွာဖော်ပြထားသော အသေးစိတ် လမ်းညွှန်ချက်များပါဝင်ပြီး လူထုဦးဆောင်သည့် နည်းလမ်းများအဆင့်မြင့်စေရန်နဲ့ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် ဆောင်ရွက်ရမည့်နည်းများနှင့် ပစ္စည်းကိရိယာများကိုလည်း အကြံပြုဖော်ပြထားပါသည်။ ဒေသခံပြည်သူများ၏ ‌ထောက်ခံအားပေးမှု အားကောင်းလာစေရန် ရပ်ရွာအခြေပြုသုတေသနကို ဆောင်ရွက်ခဲ့သည့် လူထုစည်းရုံးရေးမှူး(၃)ဦး၏ ဇာတ်လမ်းအကြောင်းများနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာအချက်အလက်များလည်းပါဝင်ပါသည်။

bit.ly/ChecklistBurmese

၂) ကျွန်ုပ်တို့သည်လည်း ပညာရှင်များဖြစ်ကြသည်! ရပ်ရွာအခြေပြုသုတေသနလုပ်ငန်းကို အထောက်အပံ့ပြုရန် စာရင်းဇယားမူကြမ်းသည် ရပ်ရွာအခြေပြုသုတေသနလုပ်ငန်းစဉ်၏ ကျစ်လစ်သည့်ခြုံငုံသုံးသပ်ချက်ကို ဖော်ပြပေးထားခြင်းဖြစ်ပါသည်။ ထောက်ခံအားပေးမှုကိုရရှိရန် ပြင်ဆင်ခြင်းအဆင့်မှစ၍ အကောင်အထည်ဖော်သည့်အဆင့်အထိ ရှင်းလင်းသော အဆင့်များအဖြစ် ဖော်ပြထားခြင်းကြောင့် စာရင်းဇယားကို သီးသန့်သော်လည်းကောင်း ရပ်ရွာအခြေပြုအသုံးချလမ်းညွှန်၏ လက်စွဲအကူအညီအဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ဤစာအုပ်ငယ်တွင် နောက်ထပ်အဆင့်တိုင်းကို ထင်ဟပ်စေရန် ထပ်မံလေ့လာနိုင်သည့်စာပေအရင်းအမြစ်များနှင့် အသုံးပြုရမည့်ပစ္စည်းကိရိယာများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

http://bit.ly/SurveyBurmese

) ရပ်ရွာအခြေပြုသုတေသနအတွက် ဆာဗေးစာရင်းကောက်နမူနာပုံစံတွင် နိုင်ငံ ၁၄ နိုင်ငံရှိ ဒေသခံများနှင့်လူမှုအဖွဲ့အစည်းမိတ်ဖက်များအသုံးပြုဖော်ထုတ်ခဲ့သည့် စာရင်းကောက်မေးခွန်းနမူနာများနှင့် ညွှန်ကြားချက်များပါဝင်ပါသည်။ ဒေသခံများအနေဖြင့် ဖွံ့ဖြိုးရေးဆိုင်ရာမျှော်မှန်းချက်များအတွက် ပဓာနကျသောအရာများနှင့် စိတ်ကူးအကြံဉာဏ်များကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း၊ ပျက်စီးစေတတ်သော ဖွံ့ဖြိုးရေးစီမံကိန်းများ၏ သက်ရောက်မှုများနှင့် လုပ်ငန်းစဉ်များအကြောင်းကျွမ်းကျင်နားလည်စေခြင်း၊ ၎င်းတို့ရရှိခဲ့သောအတွေ့အကြုံများကို ဖော်ထုတ်ခြင်း စသည်တို့ကို အထောက်အကူဖြစ်စေရန် ထိုမေးခွန်းများကို ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။ ဤနမူနာပုံစံကို ပြင်ဆင်တည်းဖြတ်နိုင်ပြီး အခြေအနေအမျိုးမျိုးတွင် လိုက်လျောညီထွေ အသုံးချ ဘာသာပြန်နိုင်ပါသည်။ ပြင်ဆင်တည်းဖြတ်နိုင်သောပုံစံကို ဤနေရာတွင် ဒေါင်းလုပ်ရယူပါ။

“မာရန်ဂီဒေသမှာ ကျွန်မတို့ဆောင်ရွက်ခဲ့တဲ့ ရပ်ရွာအခြေပြုသုတေသနဟာဆိုရင် ဒေသခံလူထုရဲ့ ကြိုးစားအားထုတ်မှုကို ပိုမိုအားကောင်းစေခဲ့တဲ့ ယေဘုယျအစီအစဉ်တစ်ခုရဲ့နောက်ကွယ်က ဆန္ဒပြပွဲအဖြစ်လည်းကောင်း၊ ဒေသခံများကို စုစည်းရာမှာ အားကောင်းတဲ့စည်းရုံးရေးလက်နက်တစ်ခု အဖြစ်လည်းကောင်း၊ မှတ်သားဖွယ်နည်းလမ်းအဖြစ်လည်းကောင်း ဖြစ်ခဲ့ပါတယ်။

ဒေသခံများအနေနဲ့ ဒီလုပ်ငန်းစဉ်နဲ့ သုတေသနကို ပိုင်ဆိုင်ခဲ့တာကြောင့် သူတို့ရဲ့ ခံစားချက်စကားသံတွေကို သေချာကြားနိုင်အောင် ဆောင်ရွက်နေကြတာပါ” — မယ်လန်နီယား ချီပွန်ဒါ၊ ဝူမင်

ထိခိုက်နစ်နာစေတတ်သော “ဖွံ့ဖြိုးရေး” စီမံကိန်းများကို တိုက်ဖျက်နိုင်ရေး ထောက်ခံမှုများနှင့် စည်းရုံးလှုံ့ဆော်ရေးအစီအစဉ်များအားကောင်းလာစေရန်အလို့ငှာ ကမ္ဘာတစ်လွှားလှုပ်ရှားမှုများ၊ ဒေသခံပြည်သူလူထုများ၊ လူမှုအဖွဲ့အစည်းများက သုတေသနဆောင်ရွက်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ရပ်ရွာအခြေပြုသုတေသန၏ ကနဦးပြောင်းလဲနိုင်စွမ်းရည်ကို ကျွန်ုပ်တို့သိမြင်ခဲ့ပြီးပါပြီ။

ဒေသခံများထံမှ ဖြစ်လာနိုင်သော တုံ့ပြန်မှုဗျူဟာများအပေါ် အသုံးပြုဖြေရှင်းမည့် နည်းလမ်းများ ပါဝင်လျက်ရေးဆွဲထားသော အဆိုပြုဖွံ့ဖြိုးရေးစီမံကိန်းများ၏ သက်ရောက်မှုကို ခံရနိုင်ဖွယ်ရှိသော ဒေသခံများနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းကို ကြိုတင်သတိပေးစနစ်၏ အစိတ်အပိုင်းအဖြစ် IAP နှင့် မိတ်ဖက်များက ဆောင်ရွက်ကြပါသည်။ ဒေသခံပြည်သူများစွာတို့သည် အဆိုပြု စီမံကိန်းကို တုံ့ပြန်ရန် ပထမဆုံးခြေလှမ်းအဖြစ် ရပ်ရွာအခြေပြုသုတေသနကို ဆောင်ရွက်ရန် ရွေးချယ်ခဲ့ကြပါသည်။

မလိုလားအပ်သော ဖွံ့ဖြိုးမှုများကို တုံ့ပြန်ရန် ရပ်ရွာအခြေပြုသုတေသနကို အသုံးချဆောင်ရွက်နေကြသော ကမ္ဘာအရပ်ရပ်မှာ ဒေသခံပြည်သူများ၏ အတွေ့အကြုံများအကြောင်းပိုမိုဖက်ရှုပါ-

မော်လဝီနိုင်ငံတွင် ရပ်ရွာအခြေပြုသုတေသန၏ရလာဒ်များအဖြစ် လီလောင်ဝေ့ ရေရရှိရေးစီမံကိန်းအတွက် အလားအလာရှိသော ငွေကြေးထောက်ပံ့သူများကို ထိရောက်စွာထိန်းချုပ်နိုင်ခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်းနှင့် ပြန်လည်နေရာချထားခြင်းတို့အတွက် မည်သည့်ပြဿနာများရှိမည်ကိုဖော်ထုတ်ရန် မော်လဝီအစိုးရအနေဖြင့် ဒေသခံပြည်သူများဦးဆောင်သည့် ကြားဝင်မှုများကို ထပ်ဆင့်ဖြေလျော့ပေးခြင်း စသည်တို့ကို တွန်းအားပေးနိုင်ခဲ့ပါသည်။

ဒေသခံပြည်သူအစည်းအဝေးတစ်ခုတွင် ပါဝင်တက်ရောက်နေသည့် အာကီရာ ဘူမိအပူဓာတ်စွမ်းအင်စက်ရုံတည်ဆောက်ရေးစီမံကိန်း၏ သက်ရောက်မှုခံခဲ့ရသော ဒေသခံအဖွဲ့ဝင်များ

ကင်ညာနိုင်ငံတွင် အာကီရာ ၁ ဘူမိအပူဓာတ်စွမ်းအင်စက်ရုံတည်ဆောက်ရေးစီမံကိန်း၏ သက်ရောက်မှုခံခဲ့ရသော မက်အ်ဆိုင်ဌာနေတိုင်းရင်းသားဒေသခံများနှင့် ၎င်းတို့၏မျိုးနွယ်စုများသည်

စီမံကိန်းနှင့်ပတ်သက်သည့် အတွေ့အကြုံများ၊ ဒေသန္တရဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အခြေခံ၍အချက်အလက်များကောက်ယူပြီး ရပ်ရွာအခြေပြုသုတေသနဆောင်ရွက်ခဲ့ပါသည်။ ၎င်းတို့၏ ထောက်ခံအကြံပြုချက်များက ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ ကင်ညာနိုင်ငံအစိုးရ နှင့် ကုမ္ပဏီတို့အား

ဒေသခံများ၏ အခွင့်အရေးများနှင့် ဦးစားပေးများဖြည့်ဆည်းပေးခြင်းကို အလေးထားသည့် စီမံကိန်းတစ်ခုဖြစ်စေခဲ့ပါသည်။

ပေါနိုင်ငံတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှထောက်ပံ့သည့် တန်နဟု ရေအားလျှပ်စစ်ဆည်၏ သက်ရောက်မှု ခံရသော ဌာနေတိုင်းရင်းသားများက ၎င်းတို့၏ ရိုးရာဓလေ့ထုံးတမ်းများနှင့် သက်မွေးဝမ်းကျောင်းအပေါ် သက်ရောက်မှုများအတွက် သတင်းအချက်အလက်ရယူရန်၊ ဆွေးနွေးခြင်းဖြင့်ပြဿနာများကို ဖော်ထုတ်ရှာဖွေရန် ရပ်ရွာအခြေပြုသုတေသနကို ဆောင်ရွက်ခဲ့ပါသည်။ ရှာဖွေတွေ့ရှိမှုများအား ၎င်းတို့၏ စည်းရုံးလှုံ့ဆော်ရေးအစီအစဉ်များတွင် အသုံးချခဲ့ရုံသာမက စီမံကိန်းရေးဆွဲသူများ၊ ငွေကြေးထောက်ပံ့သူများနှင့် ဆက်ဆံရေးကိုလည်း အထောက်အပံ့ဖြစ်စေခဲ့ပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြောက်ပိုင်းဒေသစဉ်ဆက်မပြတ်သော ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်း၏ သက်ရောက်မှုခံရသော ဒေသခံပြည်သူများ

သီရိလင်္ကာနိုင်ငံတွင် ငါဖမ်းလုပ်သားဒေသခံများက အာရှဖွံ့ဖြိုးရေးဘဏ်မှ အဆိုပြုသည့် အခြေခံအဆောက်အဦစီမံကိန်းတစ်ခုနှင့် စပ်လျဉ်း၍ ၎င်းတို့၏တောင်းဆိုမှုများဖြစ်သည့်

သတင်းအချက်အလက်ရရှိရေး၊ အဓိပ္ပါယ်ရှိသော ဆွေးနွေးညှိနှိုင်းမှုဖြင့်ပါဝင်နိုင်ရေး ၊ ဖွံ့ဖြိုးရေးအတွက် ဦးစားပေးများသတ်မှတ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များရရှိနိုင်ရေးတို့အတွက် IAP ၏ နည်းစနစ်များကို အသုံးပြုခဲ့ကြပါသည်။

အန္ဒိယနိုင်တွင် တမီးလ်နဒူ ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၏သက်ရောက်မှုခံရသော ဒေသခံများသည် ၎င်းတို့ကိုယ်ပိုင် ရပ်ရွာအခြေပြုသုတေသနလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် စီမံကိန်း၏အကျိုးသက်ရောက်မှုများကို ဆန်းစစ်၍ ထိခိုက်မှုခံရဆုံးသော သူများအတွက် ပြန်လည်နေရာချထားရေးအစီအစဉ်များနှင့် ဖာထေးစရိတ်တိုးမြှင့်ရရှိရေးကို ဦးတည်၍ ဆောင်ရွက်ခဲ့ကြပါသည်။

ရပ်ရွာအခြေပြုသုတေသန၏ ရှာဖွေတွေ့ရှိမှုများကို ရှင်းလင်းမျှဝေနေသည့် မစ်စတာ စီကန်ဒါဘရိုဟီ, Participatory Development Initiatives ဓာတ်ပုံ — Balochistan Express

ပါကစ်စတန်နိုင်ငံတွင် ကမ္ဘာ့ဘဏ်ကထောက်ပံ့သော ဘယ်လိုချစ်စတန် ဘက်စုံရေအရင်းအမြစ် စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း၏ သက်ရောက်မှုဒဏ်ခံရသော ဒေသခံများသည် ပြန်လည်နေရာ ချထားရေး အစီအစဉ်နှင့် စီမံကိန်းလုပ်ငန်းစဉ်များတွင် လုံခြုံစိတ်ချရသော ပြောင်းလဲမှုများ ဖြစ်စေရန်အတွက် ရပ်ရွာအခြေပြုသုတေသနလုပ်ငန်းစဉ်နှင့်အတူ အောင်မြင်စွာ ပါဝင်ခဲ့ပါသည်။

ပနားမားတွင် ကိုလွန်မှ အခြေချနေထိုင်သူများသည် နိုင်ငံတကာ ငွေးကြေးကော်ပိုရေးရှင်းမှ ထောက်ပံ့သည့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးစီမံကိန်းအတွက် ဒေသခံများ၏အမြင်များကို ဆုံးဖြတ်နိုင်ရန်နှင့် စီမံကိန်းနှင့်ဆက်သွယ်နိုင်ရေး ရပ်ရွာအခြေပြုသုတေသနလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါသည်။ သုတေသနရလဒ်များက စီမံကိန်းအပေါ် ဗျူဟာအကျဆုံးသော နည်းလမ်းဖြင့် တုံ့ပြန်ချက်ဖြစ်စေခဲ့သည်နှင့်အညီ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ သတင်းအချက်အလက်ရရှိရေး နှင့် ဆွေးနွေးညှိနှိုင်းမှုကင်းမဲ့ခြင်း စသည်တို့ကို ထုတ်ဖော်ရာတွင် အထောက်အကူဖြစ်စေခဲ့ပါသည်။

ချီလီနိုင်ငံတွင် ရိုးရာငါးဖမ်းလုပ်သားဒေသခံများက အမေရိကန်တွင်း ဖွံ့ဖြိုးရေးဘဏ်အုပ်စု၏အဆိုပြုရေချိုထုတ်လုပ်ရေးစက်ရုံအတွက် မျှော်လင့်ချက်ဖြင့် ၎င်းတို့၏ဖွံ့ဖြိုးရေးဆိုင်ရာဦးစားပေးများကို ခွဲခြမ်းစိတ်ဖြာလေ့လာရန် IAP၏ ရပ်ရွာအခြေပြုသုတေသနနည်းလမ်းများကို အသုံးပြုခဲ့ပါသည်။ ဖော်ထုတ်ထားသော ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးများကိုအခြေခံ၍ ရပ်ရွာအခြေပြုသုတေသနဖွံ့ဖြိုးရေးအစီအစဉ်ကို ဖန်တီးရန် စာရင်းကောက်ရလဒ်များကို အသုံးပြုသွားမည်ဖြစ်ပါသည်။

နိုင်ငံတကာတာဝန်ခံမှုဆိုင်ရာစီမံကိန်း(IAP)အနေဖြင့် ဒေသန္တရဆိုင်ရာကျွမ်းကျင်မှု၊ ဗဟုသုတနှင့် အတွေ့အကြုံများကို အခြေခံ၍ အချက်အလက်များစုဆောင်းရယူရာတွင် ရပ်ရွာဒေသခံပြည်သူများကို ကူညီထောက်ပံ့ပေးခြင်းအားဖြင့် အာဏာသက်ရောက်မှုမညီမျှခြင်းကို စိန်ခေါ်နိုင်သည့်အပြင် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်အားလုံးပါဝင်နိုင်ခြင်း၊ ရေရှည်တည်တံ့လာစေခြင်းနှင့် လူသားများ၏ ဦးစားပေးကဏ္ဍများအား ထင်ဟပ်စေခြင်းတို့ကို ပိုမိုသေချာလာစေရန် စုပေါင်းဖြေရှင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိပါသည်။

ဒေသခံပြည်သူဦးဆောင်သောဖွံ့ဖြိုးရေးကို ဖန်တီးရန် အားလုံးတက်ညီလက်ညီဖြင့် ထောက်ခံအားပေး ဆောင်ရွက်ကြရပါသည်။ IAP နှင့် လက်တွဲဆောင်ရွက်ခဲ့ကြသော လူမှုအဖွဲ့အစည်းမိတ်ဖက်များနှင့် ဒေသခံများအားလုံးအနေဖြင့် အကြံပြုချက်များ၊ ဝေဖန်တုံ့ပြန်ချက်များနှင့် နည်းလမ်းများကို မျှဝေပေးခဲ့ကြခြင်းအတွက် ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။ လူတန်းစားတန်းတူညီစွာ နေထိုင်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မည့် ဝန်းကျင်ကမ္ဘာတစ်ခုဖန်တီးနိုင်ရေး ကြိုးစားနေကြရာတွင် ဤလမ်းညွှန်က အထောက်အကူဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

IAP မှ ထိုစာအုပ်များကို ဘာသာပြန်နေပါသည်။ ကူညီဆောင်ရွက်ပေးလိုပါက iap@accountabilityproject.org သို့ ဆက်သွယ်ပေးပါရန်

ရပ်ရွာအခြေပြုသုတေသနလုပ်ငန်းအကြောင်း ပိုမိုဖက်ရှုရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေပြုကျင်းပခဲ့သော ကျွန်ုပ်တို့၏ အာရှ-ပစိဖိတ်ဒေသ ရပ်ရွာအခြေပြုသုတေသနစကားဝိုင်းမှ အစီရင်ခံစာကို ကြည့်ပါ

--

--

Community Action Guide on Community-led Research is Now Available in 13 Languages!

2 min read

Sep 2, 2022

El desarrollo de hoy necesita de la investigación comunitaria:

6 min read

Feb 4, 2020

A Pesquisa Comunitária é o que o desenvolvimento atual precisa

6 min read

Feb 4, 2020

งานวิจัยโดยชุมชนคือสิ่งจำเป็นสำหรับการพัฒนาในปัจจุบัน: คู่มือสำหรับผู้นำการเคลื่อนไหวในชุมชนทั่วโลก

2 min read

Feb 4, 2020

Nghiên cứu do cộng đồng dẫn dắt là cần thiết để đáp ứng yêu cầu Phát triển:

9 min read

Feb 4, 2020

Community-led Research is What Today’s Development Needs:  Global Community Action Guides to…

6 min read

Dec 21, 2018

Исследование, проводимое при участии и ведущей роли местных общин это то, чего требует современное…

6 min read

Dec 18, 2020

Жамоа бошчилигидаги тадқиқотлар — бу бугунги ривожланиш учун зарур бўлган ҳодисадир.

6 min read

Feb 26, 2021

ការស្រាវជ្រាវដែលដឹកនាំដោយសហគមន៍ជាតម្រូវការសម្រាប់ការអភិវឌ្ឍនាពេល​បច្ចុប្បន្ន៖ សៀវភៅណែនាំ…

2 min read

Mar 25, 2021

Исследование, проводимое при участии и ведущей роли местных общин это то, чего требует современное…

6 min read

Dec 18, 2020

IAP

IAP is a human and environmental rights organization that works with communities, civil society and social movements to change how today’s development is done.